တောင်တွင်းကြီး ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေရန် လှုံ့ဆော်မှုများနှင့် ပတ်သက်၍ အများပြည်သူ သိရှိနိုင်ရန် အသံချဲ့စက်များဖြင့် လိုက်လံ ကြေညာခြင်းကို ယမန်နေ့ ည(၇) နာရီကဆောင် ရွက်ခဲ့သည်။
အဆိုပါကြေညာချက်တွင် နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေရန်လှုံ့ဆော်မှုများနှင့် ပတ် သက်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အပေါ် အလေးအနက်ထား ထိရောက်စွာလိုက်ပါ ဆောင်ရွက်ရေး၊ ယခုအခါအကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသောအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ၏ Facebook account များမှ နိုင်ငံတော်တည်ငြိမ်ရေးကိုပျက်ပြားစေရန်နှင့် ပြည်သူ လူထုအား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး Silence Strike (အသံတိတ်သပိတ်) ပြုလုပ်ရန်အတွက် လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း များ စသည်ဖြင့် အသံထွက်သပိတ် ပြုလုပ်ရန်လှုံဆော်မှုများ၊ လူမှုကွန်ရက်များ၌ ပျံ့နှံ့နေသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းသို့ လှုံ့ဆော်မှုများအပေါ် ပြည်သူလူထုများ အနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရအရေးယူ ခံရနိုင်သဖြင့် အများပြည်သူ သိရှိနိုင်စေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်း ထုတ်ပြန်ထားကြောင်း သိရသည်။
ယခုအခါ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထု ကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါ လုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်ဝေမှု များကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)နှင့် ပုဒ်မ ၅၀၅(က)၊ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါကြောင်းနှင့် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်း နိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ပါသဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက် အုပ်စုများ၊ ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်ဝေမှုများအပေါ် လိုက်ပါပြုလုပ်ခြင်း မပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ပါကြောင်း တောင်တွင်းကြီးမြို့နယ်အတွင်းရှိ မြို့ပေါ် (၁၀)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၇၂)အုပ်စု၊ ကျေးရွာပေါင်း (၂၈၆)ရွာတို့တွင် နေထိုင်ကြသော အများပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ကြပါရန် အသံချဲ့စက်များဖြင့် လိုက်လံ ကြေညာ လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)