မင်းလှမြို့၌ Silent Strike (အသံတိတ်သပိတ်)နှင့်ပတ်သက်၍ ဒေသံပြည်သူများ သိရှိစေရန် အသိပေးသတင်းထုတ်ပြန်ချက်များ နှိုးဆော်ဆောင်ရွက်

အထက်မင်းလှ  ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ Silent Strike (အသံတိတ်သပိတ်)နှင့် ပတ်သတ်၍ ဒေသခံပြည်သူများ သိရှိစေရန် ရပ်ကွက်များအတွင်း လှည့်လည် အသိပေး သတင်းထုတ်ပြန်ချက်များကို ယမန်နေ့ မွန်းလွဲ နာရီက အသိပေးနှိုးဆော်ခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် မင်းလှမြို့ရှိ ဒေသခံပြည်သူများ အနေဖြင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH,NUG နှင့် ယင်းတို့၏  လက်အောက်ခံ အဖွဲ့အစည်းများ၊    လူပုဂ္ဂိုလ်များသည်  နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို  ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်း များကို လူမှုကွန်ယက် Facebook Account များမှ တစ်ဆင့်  နည်းလမ်းမျိုးစုံဖြင့်  ပြုလုပ်ဆောင်ရွက် လျက်ရှိခြင်းကြောင့်  ပြည်သူများအနေဖြင့်        ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊  ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်းနှင့်  အသံဖြင့်ဖြစ်စေ ပြုလုပ်ခြင်း  လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊    အားပေးကူညီခြင်းများ အစရှိသည်တို့ကို        ပြုလုပ်မိပါက   အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) ရာဇသတ်ကြီးပုဒ်မ ၁၂၄(က) နှင့် ပုဒ်မ ၅၀၅(က)  အီလက်ထရောနစ် ဆက်သွယ် ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများ အရ  အရေးယူခံရနိုင်ကြောင်း  အသိပေး ထုတ်ပြန်ခြင်းအား ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော် ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေးထုတ်ပြန်ချက်များအား  မင်းလှမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)