အုတ်တွင်းမြို့နယ်​ ဂွေး​တောက်ခင်​ကျေးရွာအုပ်စု၊ အနောက်ဇီးကုန်းကျေးရွာ၌ မြစိမ်းရောင် ရန်ပုံငွေများ သတ္တမအကြိမ်ထုတ်ချေးပေး

အုတ်တွင်း ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဂွေးတောက်ခင် ကျေးရွာအုပ်စု၊ အနောက်ဇီး ကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင် စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ သတ္တမအကြိမ်ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီ​အချိန်က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါမြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်စုနွယ်ဝင်းက ရှင်းလင်းပြောကြားခဲ့ပြီး၊ မြစိမ်းရောင် စီမံကိန်းဆောင် ရွက်လျက်ရှိသော၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၄၇)ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၆၄)ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ(၂)ဦး၊ စုစုပေါင်းအသင်းသား(၁၁၃)ဦးအား ချေးငွေ ကျပ် ၄၂ ဒဿမ ၃ သန်းကို တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီအ သီးသီး ပေးအပ်ခဲ့ကြောင်းမြို့နယ် ကျေးလက် ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)