နတ်မောက် ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာရှိ တောင်သူ အများစုသည် ရေတွင်းများတူးဖော်ပြီး မြေအောက်ရေသွင်း၍ ဟင်းသီးဟင်းရွက်များ တပိုင်တနိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုပုံမှန်ဝင်ငွေရရှိလျက်ရှိသည်။
ထိုသို့စိုက်ပျိုးရာတွင် မိမိစိုက်ခင်းအတွင်း၌ ကန်စွန်း၊ ဗူး၊ ဗမာနံနံ၊ သခွား၊ ခရမ်း စသည့် ဟင်းသီးဟင်းရွက်အပင်များ စိုက်ပျိုးထားရှိပြီး နေ့စဉ် မြို့မစျေးသို့ လက်လီ/ လက်ကား ရောင်ချရပြီး တစ်ရက်လျှင် ပုံမှန်ဝင်ငွေ ၁၀၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ထိရရှိကြောင်း အင်းကုန်းကျေးရွာရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးရောင်းချသူ ဒေါ်ခင်အုံးမြင့်ထံမှ သိရသည်။ သင်းသင်းမြတ်