ပလောက် ဇန်နဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် စည်ပင်သာယာဈေးကြီးအတွင်း ဈေးဆိုင်ခန်းများနှင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ ဆိုင်ကယ်ပြင်ဆိုင်များ၊ ကုန်မာဆိုင်များ၊ ကွမ်းယာဆိုင်စသည့်ဆိုင်များအား Silent Strike (အသံတိတ် သပိတ်)၌ ပါဝင်မှုမရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင် ဦးဆောင်၍ ပလောက်နယ်မြေရဲစခန်း၊ မြို့စည်ပင် သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများက စည်ပင်သာယာဈေးကြီးအတွင်းရှိ ဈေးဆိုင်ခန်းများနှင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ ဆိုင်ကယ်ပြင်ဆိုင်များ၊ ကုန်မာဆိုင်များ၊ ကွမ်းယာဆိုင်များအား ပုံမှန်အတိုင်းဖွင့်လှစ်သွားရန်၊ အကြောင်းမဲ့ဆိုင်ပိတ်မှုများ မပြုလုပ်ရန်၊ အကြမ်းဖက်အုပ်စုဖြစ်သည့် CRPH၊ NUG အဖွဲ့များမှပြုလုပ်မည့် Silent Strike(အသံတိတ်သပိတ်)တွင် ပါဝင် ဆောင်ရွက်ပါက ဥပဒေအရ ထိရောက်စွာအရေးယူခံရမည့် အခြေအနေများအား အသိပညာပေး ရှင်းလင်းဟောပြောဆောင်ရွက်ခဲ့ပြီး သတင်းထုတ်ပြန်ချက်များအား ဆိုင်ပိုင်ရှင်များနှင့် လမ်းသွားလမ်းလာ ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)