မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community  Centre ) ခန်းမ၌ Post Harvest Technology (Fruit and Vegetable) သင်တန်းဖွင့်လှစ် 

မြောင်းမြ  ဇန်နဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စိုက်ပျိုးရေးသိပ္ပံ​ ကျောင်းတို့ပူးပေါင်းပြီးအိမ်ရှင်မများ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများအားကိုယ်တိုင်​ပြုလုပ်တတ်စေရန်ရည်ရွယ် Post Harvest Technology (Fruit and Vegetable) သင်တန်းကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

အဆိုပါအခမ်းအနားတွင် မြောင်းမြခရိုင်၊စိုက်ပျိုးရေးသိပ္ပံ​ ကေျာင်းအုပ်ကြီးဆရာမကြီး ဒေါ်အေးအေးမြင့်က သင်တန်းပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီးဆရာမ ဒေါ်သက်နှင်းမာကကင်မ်ချီပြုလုပ်ရာတွင်ပါဝင်သည့်များ၊အချိုးအစားနှင့်ပြုလုပ်ပုံအဆင့်ဆင့်ကိုပရိုဂျက်တာဖြင့်ဦးစွာရှင်းလင်းပြောပြပြီးတက်ရောက် လာသောသင်တန်းသူ/သားများအားလက်တွေ့လုပ်ဆောင်ပြသခဲ့ပါသည်။သင်တန်းသို့ဌာနဆိုင်ရာများမှသင်တန်းသူသင်တန်းတန်းသား(၂၀)ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။ 

စန္ဒာကြည်