စစ်ကိုင်းခရိုင်အတွင်း (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး

စစ်ကိုင်း ဇန်နဝါရီ ၂၈

စစ်ကိုင်းခရိုင်အတွင်း (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲကို စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က အဖွင့်အမှာစကား ပြောကြားရာ ပြည်ထောင်စုနေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပ လာသည်အညီ ယခုနှစ်မှာတော့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ကျန်းမာရေး လမ်းညွှန်ချက်များ လိုက်နာပြီး အနှစ်သာရရှိရှိ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းဆပ်မတီများလည်း ဖွဲ့စည်းထားရှိပြီး ဖြစ်ကြောင်း၊ အဓိကတော့ ကျန်းမာရေးနှင့် လုံခြုံရေးကို အထူးဂရုစိုက်ပြီး ဆောင်ရွက် သွားကြစေလိုကြောင်း၊ လုပ်ငန်းဆပ်ကော်မတီ အသီးသီးတို့ကလည်း မိမိတို့လုပ်ကိုင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဌာနဆိုင်ရာ အချင်းချင်း ချိတ်ဆက်၍ ဆောင်ရွက် သွားကြစေလိုကြောင်း၊ အားကစားများနှင့် ပျော်ပွဲရွှင်ပွဲများလည်း ထည့်သွင်းကျင်းပ သွားမှာဖြစ်ကြောင်း စသည်ဖြင့်ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် မြင်းမူမြို့နှင့် မြောင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများ၊ လုပ်ငန်းဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများက (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက် သွားကြမည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်