ညောင်လေးပင် ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့် ထုတ်ပေးသည့် အခမ်းအနားကို ယနေ့ နံနက် (၁၀)အချိန်က မြန်မာ့သစ်လုပ်ငန်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြို့နိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး မြန်မာ့သစ်လုပ်ငန်း ပဲခူးဒေသမှ အာမခံအလုပ်သမား ဦးနိုင်ဦး၏ လုပ်ငန်းခွင် ထိခိုက်သေဆုံးမှုအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ၁၀ သိန်းကျပ်နှင့် လုပ်ငန်းခွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်ငွေ (၈၁) သိန်းအား ကျန်ရစ်သူ မိသားစုထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် လူမှုဖူလုံရေးအဖွဲ့ တိုင်းဒေသကြီးတာဝန်ခံ ဦးဝင်းစိုးမှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေပါ အကျိုးခံစားခွင့် များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အာမခံအလုပ်သမား ဦးနိုင်ဦး၏ မိသားစုကိုယ်စား မြန်မာ့သစ်လုပ်ငန်း ပဲခူးဒေသရုံးမှ မန်နေဂျာ ဦးသန်းထွန်းဝင်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြို့နိုင်၊ လူမှုဖူလုံရေးအဖွဲ့ တိုင်းဒေသကြီးတာဝန်ခံ ဦးဝင်းစိုး၊ မြန်မာ့သစ် လုပ်ငန်း ပဲခူးဒေသရုံးမှ မန်နေဂျာ ဦးသန်းထွန်းဝင်း၊ ဌာနဆိုင်ရာများနှင့် မြန်မာ့သစ်လုပ်ငန်း ပဲခူးဒေသ လုပ်ငန်းခွင် ထိခိုက်သေဆုံး သူများ၏ ကျန်ရစ်သူမိသားစုများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)