ဒိုက်ဦး ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီက အားကစားဝါသနာရှင်များအတွက် Online စနစ်ဖြင့် Physical Fitness Dance အစီအစဉ် တင်ဆက်ပြသခဲ့သည်။
အဆိုပါ Online စနစ်ဖြင့် Physical Fitness Dance အစီအစဉ် တင်ဆက်ပြသမှုကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်တင်ဆက်ခြင်း ဖြစ်ပြီး၊ မြို့နယ်အဆင့် ပြိုင်ပွဲများအတွက် လေ့ကျင့်သင်ကြားထားသည့် အ.ထ.က(၁)မှ နဝမတန်း ကျောင်းသူ (၂)ဦးတို့က တင်ဆက်ကပြခဲ့ခြင်း ဖြစ်သည်။ ယင်းအစီအစဉ်အား ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန We Love Daiku Facebook Page တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရပြီး၊ အဆိုပါ Page မှပြည်သူများအတွက် အသိပညာပေး Talk Show များနှင့် စာပေဝါသနာရှင်များအတွက် စာအုပ်မိတ်ဆက်ခြင်းများ၊ ကလေးများအတွက် ပုံပြင်ပြောပြခြင်းများ၊ အားကစားဝါသနာရှင်များအတွက် အားကစားနည်းများကို ယခုကဲ့သို့ပင် အပတ်စဉ် ထုတ်လွှင့်တင်ဆက်ပေးနေကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)