လှိုင်းဘွဲ ဇန်နဝါရီ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ အသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) အကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၂) နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်မိုးအေးက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိူကွဲသစ် အိုမီခရွန် (Omicron) အကြောင်း သိရှိနိုင်စေရန်နှင့် ကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ခွဲမှူး ဒေါ်ဇင်မြတ်မှုဝင်းထက်က နိုင်ငံတကာမှ ကိုဗစ်-၁၉ ရောဂါ စတင်ကူး စက်လာမှု၊ မြန်မာ နိုင်ငံမှ ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်း၊ ကိုဗစ်-၁၉ ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်ရမည့် နည်း လမ်းများ၊ ကိုဗစ်မျိုးကွဲ အိုမီခရွန်အကြောင်း၊ အိုမီခရွန် ဖြစ်ပွားမှုနှုန်း၊ ဖြစ်ပွားနိုင်သည့်အကြောင်း အရာများ၊ အိုမီခရွန်၏ ရောဂါလက္ခဏာများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွန်ကြားချက်များ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် ပတ်သက်သည့် သိကောင်းစရာများ ကို Online မှတစ်ဆင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)