ကျောက်ကြီးမြို့နယ်၌ လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသော လှုံ့ဆော်မှုများတွင် အများပြည်သူ ပါဝင်မှုမရှိစေရန် သတင်းထုတ်ပြန် ချက်အား အသိပေးကြေငြာ

ကျောက်ကြီး  ဇန်နဝါရီ   ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် လူမှုကွန်ရက်များတွင် ပျံနှံနေသော လှုံ့ဆော်မှုများ၌ အများပြည်သူ ပါဝင်မှုမရှိစေရန် သတင်းထုတ်ပြန်ချက်အား အသိပေး ကြေညာခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် ဆိပ်ကြီးကျေးရွာတာဇုံ၌ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာခွဲ တာဝန်ခံများမှ တဆင့် ဒေသခံပြည်သူများအားပိုမိုသိရှိစေရန် နှိုးဆော်​အသိပေးခြင်းကိုဆောင်ရွက်ခဲ့သည်။

ထိုသို့နှိုးဆော်ရာတွင် အကြမ်း ဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG နှင့် ယင်းတို့ လက်အောက် ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Accountများမှ နိုင်ငံတော်တည် ငြိမ် ရေးကို ပျက်ပြားစေရန်နှင့် ပြည် သူ လူထုအား ကြောက်ရွံ့ ထိတ် လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး Silence Strike (အသံတိတ်သပိတ်) ပြုလုပ် ရန်၊ လက်ခုပ်တီးခြင်း၊ သံပုံးတီး ခြင်း၊ ကားဟွန်း တီးခြင်းများ စသ ဖြင့် အသံထွက်သပိတ် ပြုလုပ်ရန် လှုံ့ဆော်မှုများ လူမှုကွန် ရက်များ၌ ပျံ့နှံ့နေသည်ကို တွေ့ရှိရပါသည်။ ယင်းသို့ လှုံ့ဆော်မှုများ အပေါ် ပြည် သူများအနေဖြင့် လိုက်ပါလုပ် ဆောင်မိပါက ဥပဒေအရ အရေး ယူ ခံရနိုင်သဖြင့် အများပြည်သူသိ ရှိ နိုင်စေရန် အောက်ပါ အတိုင်း သတင်းထုတ်ပြန်ထားပါသည်။အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်း တို့၏ လက်အောက်ခံအဖွဲ့ အစည်း များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များ သည် နိုင်ငံတော်တည်ငြိမ် အေးချမ်း ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူ လူထုကို အကြောက်တရား များ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်း ခြောက်ခြင်းများကို လူမှုကွန် ရက် များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြု လုပ်လျှက်ရှိပါသည်။ ပြည်သူ များ အနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါ ဒဖြန့်မှုများအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေလိုက် ပါလုပ် ဆောင်ခြင်း၊ အသံဖြင့် ဖြစ် စေ၊ ပြုလုပ်မှုဖြင့် ဖြစ်စေ၊ တစ်နည်း နည်းဖြင့် ဖြစ်စေ အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်း မပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေ အရအရေး ယူခံရနိုင်ကြောင်းကို သိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပေးထုတ်ပြန် ချက် များကို ကျောက်ကြီးမြို့နယ်စီမံ အုပ် ချုပ် ရေး အ ဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ပူးပေါင်း၍၂၆. ၁.၂၀၂၂ ရက်နေ့မှ ၃၁.၁.၂၀၂၂ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ကြာင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)