ပန်းတောင်းမြို့နယ် လဲကျေးရွာတွင် အိမ်ဆောက်ပစ္စည်း အုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို စားသုံးသူ​ရေးရာဦးစီးဌာနမှ ကွင်းဆင်း၍ တွေ့ဆုံမေးမြန်း ဆောင်ရွက်

ပန်းတောင်း ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် လဲကျေးရွာတွင် အိမ်ဆောက် ပစ္စည်း အုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက စားသုံးသူ ရေးရာ ဦးစီးဌာနမှ​ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်း​အေးက ကွင်းဆင်း၍ တွေ့ဆုံ မေးမြန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပန်းတောင်းမြို့နယ် လဲကျေးရွာအုပ်စု၊ လဲကျေးရွာတွင် ဦးအေးကြူမှ အိမ်ဆောက်ပစ္စည်း အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် တစ်နှစ်လျှင် အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရ အုတ်ဖို(၆)ဖို လုပ်ကိုင်ပြီး အုတ်ဖိုတစ်ဖိုလျှင် အုတ်အလုံးရေ (၆၀၀၀၀)ထွက်ရှိပြီး ထွက်ရှိလာသည့် အုတ်များကို တစ်ခဲလျှင်(၉၀)ကျပ်နှုန်းဖြင့် ဖြန့်ဖြူးရောင်းချနေလျက် စျေးကွက် အနေဖြင့် ဥသျှစ်ပင်၊ ပန်းတောင်း၊ နတ်မောက်ကျေးရွာများသို့ ရောင်းချလျက်ရှိပြီး ယခင်နှစ်စျေးနှုန်းမှာ အုတ်ခဲတစ်လုံးလျှင် (၈၀)ကျပ်နှုန်းဖြစ်၍ ယခုနှစ်စျေးနှုန်းမှာ (၉၀)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက် စျေးကောင်းရရှိကြောင်း အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်သူ ဦးအေးကြူထံမှ သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)