(၇၅) နှစ်မြောက်၊ စိန်ရတု ပြည်​ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ငပု​တောမြို့နယ်၌  စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ငပု​တော           ဇန်နဝါရီ  ၂၇

(၇၅)နှစ်မြောက်၊ စိန်ရတု ပြည်​ထောင်စု​နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ငပု​တောမြို့နယ်တွင် စာစီ စာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ( ၁၀ ) နာရီက ငပု​တောမြို့ အ​ခြေခံပညာ အထက်တန်း​ကျောင်း သ​ပြေနု​ဆောင်၌ ကျင်းပပြုလုပ်သည်။ 

အဆိုပါ စာစီစာကုံးပြိုင်ပွဲ၌ အထက်တန်းအဆင့် ​ကျောင်းသားကျောင်းသူ (၈)ဦးနှင့် ပန်းချီပြိုင်ပွဲတွင်  ( ၁၂ ) ဦး စုစု​ပေါင်း ​ကျောင်းသား ကျောင်းသူ  ၂၀  ဦးတို့က  "တိုင်းရင်းသားစည်းလုံး ညီညွတ်​ရေး နှင့်ပြည်​ထောင်စု​နေ့ " ခေါင်းစဥ်ဖြင့် ဝင်​ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ တာဝန်ကျ ဆရာ၊ ဆရာမများက အနီးကပ် ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိသည်။ 

ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် ကျောင်းသား၊ လူငယ်မောင်မယ်များသည် ပြည်​ထောင်စု​နေ့ကိုမြတ် နိုး တန်းဖိုးထားတတ်စေရန်နှင့် ကာကွယ်စောင့်ရှောက် တတ်စေရန်ရည်ရွယ် ချက်တို့ဖြင့် ကျင်းပရ ခြင်းဖြစ်ပြီး၊  ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို (၇၅)နှစ် မြောက် ပြည်​ထောင်စု​နေ့အခမ်း အနားတွင် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း  ​ကျောင်းအုပ်ဆရာမကြီး ​ဒေါ်သင်းသင်းနိုင်ထံမှ သိရသည်။ 

နုနု​အေး