ညောင်တုန်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ မြေငလျှင်ဘေး ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်

ညောင်တုန်း  ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြေငလျှင်ဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီ လျှင်မြန်စွာတုံ့ပြန် ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးထိခိုက်မှုအား လျော့ချနိုင်ရန် ရည်ရွယ်၍ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြေငလျှင်ဘေး ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ညောင်တုန်းမြို့၊ အမှတ်(၄)ရပ်ကွက်၌ ပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး  ဦးစီးအရာရှိ ဦးမျိုးမင်းသူက အနီးကပ်ကြီးကြပ်ကွပ်ကဲ၍ မြို့နယ်မီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင် (၁၅)ဦး အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦး စုစုပေါင်း ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၃၅)ဦးဖြင့် ငလျှင်လှုပ်ခတ်မှု ကြောင့် ပြိုကျပျက်စီးသည့် သဏ္ဍန်တူအဆောက်အဦ ပြုလုပ်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအဆင့်ဆင့်တို့ကို ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၃၅)ဦးရှိပြီး မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်းနှင့် ကယ်ဆယ်ရေးသုံး ပစ္စည်းများကိုလည်း စနစ်တကျ စီစဉ်ထားရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)