ပဲခူးခရိုင် မြန်မာ့စီးပွါးရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

ပဲခူး  ဇန်နဝါရီ  ၂၆

ပဲခူးခရိုင် မြန်မာ့စီးပွါးရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၀၈:၃၀ အချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စတုတ္ထနေ့အဖြစ် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ပင်စင်ထုတ်ပေးရာတွင် ယနေ့ထုတ်ယူရမည့် ဥဿာမြို့သစ်ရပ်ကွက်ကြီးမှ အငြိမ်းစား ဝန်ထမ်းများအား ထုတ်ပေးလျက်ရှိရာ လာရောက် ထုတ်ယူသူများပြားလျက်ရှိပြီး ကိုယ်တိုင် လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူ နိုင်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)