ဖြူးမြို့နယ်တွင် မေယု-မျိုးအောင် (MANA)၏ ပူပြင်းရာသီရောက်လာမည် ရေကိုချွေတာဖို့လိုသည် ဆောင်းပါးအား စာဖတ်ဝိုင်းပြုလုပ်

ဖြူး    ဇန်နဝါရီ  ၂၆  

ပဲခူးတိုင်းဒေသကြီး၊   တောင်ငူခရိုင်၊  ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများအနေဖြင့် စာဖတ်သည့် အလေ့အထများ စဉ်ဆက်မပြတ် အမြဲတမ်းဖတ်မှတ် လေ့လာနိုင်စေရန်အတွက် ရည်ရွယ်ပြီး  မြန်မာ့အလင်းသတင်းစာ အတွဲ-၆၁၊ အမှတ် -၁၀၁၊၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၉) ရက်နေ့

ထုတ် သတင်းစာပါ မေယု-မျိုးအောင် (MANA) ၏  ပူပြင်းရာသီ ရောက်လာမည် ရေကိုချွေတာဖို့လိုသည် ဆောင်းပါးအား ယနေ့နံနက် (၁၁)နာရီအချိန်က ဦးစီးဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း  သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက ပြည်သူများ စာပေဖတ်ရှုနို်ငစေရေးအတွက် ဝန်ဆောင်မှုပေးနေရသည့် မိမိတို့အနေဖြင့် စာပေနှင့် မကင်းသည့်အတွက် ကိုယ်တိုင်စာပေဗဟုသုတကို ဖတ်ရှုနေရမှာဖြစ်ပါကြောင်း၊ ဒါ့အပြင် အများပြည်သူများကို    စာပေဖတ်ရှုနိုင်အောင်၊  စာပေနှင့်နီးစပ်မှု ရှိနိုင်ရေး   ဝန်ဆောင်မှု လုပ်ငန်းများ လည်း ဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ထိုနောက် ဝန်ထမ်းများက မေယု-မျိုးအောင် (MANA)၏ ပူပြင်းရာသီရောက်လာမည်ရေကိုချွေတာဖို့လိုသည် ဆောင်းပါးအား အပိုဒ်လိုက် အသီးသီးဖတ်ကြားကြပြီးနောက် ဆောင်းပါးပါအကြောင်းအရာ များဖြစ်သည့်  ကမ္ဘာကြီးပူနွေးလာမှု၊ သစ်တောပြုန်းတီးမှု၊ တောတောင် ပြုန်းတီးမှု၊အဖိုးတန်ဓာတ်သတ္တုများ အလွန်အကျွံ   ထုတ်ယူသုံးစွဲမှု၊   မြောက်အောက်ရေကို အလွန်အကျွံ  ထုတ်ယူသုံးစွဲမှု  အစရှိသည့်   သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေနိုင်သော အပြုအမူလုပ်ရပ်များကြောင့် နောက်ဆက်တွဲကြုံတွေ့လာရသည့် ရာသီဥတု ပြောင်းလဲ လာမှုနှင့်အတူ သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ကြုံတွေ့လာနေရပြီဖြစ်ကြောင်း၊ ရေသည် လက်ရှိသတ္တဝါများအတွက် အရေးပါဆုံး ဓာတ်ဖြစ်ပြီး  ရေဓာတ်မရှိရင်  အသက်ရှင်ရန်ပင်မလွယ်ကူကြောင်းနှင့် နိုင်ငံတစ်နိုင်ငံဖွံဖြိုးတိုးတက်မှုတွင်လည်း ရေသည် အဓိကအခန်း ကဏ္ဍ၌ ပါဝင်နေကြောင်းစသည့် အချက်များကို ပြန်လည်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

နေမျိုးလွင်