ကလေးဝမြို့တွင် စားသုံးသူဆိုင်ရာသိကောင်းစရာ အသိပညာပေး (Talk Show) ပြုလုပ်

ကလေးဝ ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး  ကလေးဝမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင်  onlineမှ  စားသုံးသူဆိုင်ရာသိကောင်းစရာ အသိပညာပေး (Talk Show)ကို ယမန်နေ့ နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးက စားသုံးသူကာကွယ်ရေး ဥပဒေများ၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ခဲ့သော ကုန်အညွှန်းအမှတ်အသားဖော်ပြချက် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

သက်ဟန်(ကလေးဝ)