ချောက်၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်ဉာဏ်စမ်းအမေး အဖြေ ပြိုင်ပွဲကျင်းပ

ချောက်  ဇန်နဝါရီ   ၂၆

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလတန်းပုဂံကျောင်း တို့ပူးပေါင်း၍ ယနေ့ နံနက်၉နာရီအချိန်က ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဉာဏ်စမ်းအမေး၊ အဖြေ ပြိုင်ပွဲကျင်းပသည်။

ရှေးဦးစွာ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါမှ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကို ကျောင်းသား/သူလေးများ အားရှင်းလင်းပြောပြခဲ့သည်။ ထို့နောက်တိုင်းရင်းသားတို့၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သောပြည်ထောင်စုနေ့ အကြောင်းသိသင့် သိထိုက်သည်များကို ဉာဏ်စမ်းအမေး အဖြေ ပြိုင်ပွဲပြုလုပ်၍ ပြိုင်ပွဲတွင်အဖြေမှန် ဖြေဆိုနိုင်သူများနှင့် ပါဝင်ယှဉ်ပြိုင်ဖြေဆို ခဲ့သည့် ကျောင်းသား/သူများအားလုံးကို ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက အမှတ်တရဆု လက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)