ပေါင်းတည်မြို့၌ ကိုဗစ်-၁၉မျိုးရိုးဗီဇ မျိုးဗီဇပြောင်းအိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အဆက်မပြတ်အသိပေးနှိုးဆော်

ပေါင်းတည် ဇန်နဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှု လျော့နည်းကျဆင်းရေးအတွက် အသိပညာပေး လုပ်ငန်းများကို အဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉မျိုးရိုးဗီဇ မျိုးဗီဇပြောင်းအိုမီခရွန် (Omicron)အပါအဝင် ရောဂါပိုးကြိုတင် ကာကွယ်ရေး အသိပေး နှိုးဆော်မှုကို ယနေ့နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်း လူစည်ကားသည့်လမ်းများသို့ လိုက်လံအသိပေး​နှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှိုးဆော်ရာတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇ မျိုးဗီဇပြောင်းအိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြရန်၊ နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာရပါက ပါးစပ်နှင့်နှာခေါင်းစည်း Maskကို စနစ်တကျတပ်ဆင်ရန် ၊Mask မတပ်သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းမှရှောင်ကြဉ်ကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးဌာနကထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အေးအေးဆင့်