ရေဖြူ ဇန်နဝါရီ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပိန်းရှောင်ကျေးရွာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံရပ်မိရပ်ဖများတွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပိန်းရှောင်ကျေးရွာ( အလယ်) ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးဆန်းထွန်းက လက်ရှိဖြစ်ပေါ်နေသော အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ပန်းခင်းစီမံချက်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေးနေမှုများ၊ ရပ်မိရပ်ဖများမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများ၊ ပြည်သူဗဟိုပြု လုံခြုံရေးစနစ်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ လျှပ်စစ်စွမ်းအင်ချွေတာသည့်အနေဖြင့် LED မီးသီးများပြောင်းလဲသုံးစွဲရန် စသည့်တို့ကို ချပြရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပိန်းရှောင်ကျေးရွာ ရပ်မိရပ်ဖများနှင့်ဒေသခံများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးဆန်းထွန်း၊ အတွင်းရေးမှူး ရဲမှူးလှနောင်၊ အဖွဲ့ဝင်(၃) ဦးမျိုးမြင့်နှင့် ပိန်းရှောင်ကျေးရွာ ရပ်မိရပ်ဖနှင့် ဒေသခံ(၁၀၀)ကျော်ခန့် တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။
ခတ္တာ