နတ်မောက်မြို့နယ်တွင် ဒေသတွင်းတည်ငြိမ်အေးချမ်းသာယာရေးလုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပ

နတ်မောက်  ဇန်နဝါရီ    ၂၆ 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ဒေသတွင်းတည်ငြိမ်အေးချမ်းသာယာရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားပြီး Social Media ပေါ်တွင် သတင်းတု၊ သတင်းမှားများအား တန်ပြန်ဆောင်ရွက်နိုင်ရန်၊ အဖျက်အမှောက်အဖွဲ့အစည်းများ၏ မမှန်မကန်သတင်းထုတ်လွှင့်မှုများ၊ သွေးထိုး လှုံ့ဆော်မှုများလိုက်နာ၍ နတ်မောက်မြို့နယ်အတွင်းဖွင့်လှစ်ရောင်းချ ဆောင်ရွက်နေသည့် စျေးဆိုင်များ၊ ပွဲရုံများ၊ ဆီစက်လုပ်ငန်းများ ဖွင့်လှစ်ရောင်ချခြင်းမပြုဘဲ ပိတ်သိမ်းထားခြင်းမပြုလုပ်ရန်၊ ယာဉ်လိုင်းလုပ်ငန်းများ ပုံမှန်လည်ပတ်ရန် ဆွေးနွေးပြောကြားခဲ့သည်။  ဆက်လက်ပြီး တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။ အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သင်းသင်းမြတ်