နတ်မောက် ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကွင်းကြီးကျေးရွာအုပ်စု ကွင်းကြီကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် ဌာနဆိုင်ရာအဖွဲ့များက ယမန်နေ့ နံနက် (၁၀) နာရီအချိန်ခန့်က ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ ကွင်းဆင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိဌာနဆိုင်ရာများက မြို့နယ် အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် ရပ်ရွာအေးချမ်းသာယာရေး လုပ်ငန်းများအတွက် လာရောက်ရှင်းလင်းဆွေးနွေးခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်ဆေးထိုးစုရပ်များတွင် ဆေးထိုးအကြိမ်ရေပြည့်စွာ ထိုးနှံကြရန်၊ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ကျေးရွာရှိဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားခဲ့ကြသည်။ထို့နောက် ကျေးရွာရှိပြည်သူများမှလည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သိလိုသည့်အကြောင်းအရာများကိုမေးမြန်းခဲ့ကြရာ တာဝန်ရှိဌာန ဆိုင်ရာများကပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရသည်။
လှဝင်း မြို့နယ် (ပြန်/ဆက်)