ကံမ ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်၊ ကျေးရွာ များအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လည်က မင်းပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးတင်အောင်ဝင်းနှင့် ဝန်ထမ်းများက အလယ်ချောင်းကျေးရွာ အတွင်းရှိပြည်သူ များအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေးစာရင်းများ စိစစ်လဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို ပြလုပ်ပေးခဲ့ကြပြီး အသက် ၁၀ နှစ်ပြည့်နှင့် အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူ ကျား ၃၂ ဦး၊ မ ၄၆ ဦး စုစုပေါင်း ၇၈ ဦးတို့အားနေ့ခြင်းပြီး အခမဲ့နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ကြောင်း ပန်းခင်းစီမံချက်ဖြင့် ကျန်ရှိနေသော ကျေးရွာများအရောက် ဆက်လက်၍ ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)