ညောင်လေးပင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ

ညောင်လေးပင် ဇန်နဝါရီ  ၂၆

ပဲခူးတိုင်းဒေသကြီး  ပဲခူးခရိုင်ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေ ချစ်မြတ်နိုးသူများ၊ လူကြီးလူငယ်၊ ကျောင်းသား/ကျောင်းသူ ကလေးငယ်များအတွက် စာပေဗဟုသုတရရှိစေရန် Online မှတဆင့် အသိပညာပေး အစီအစဉ်များကို ရိုက်ကူးလျက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီအချိန်က လူရှိုင်း(လူရှေ ) စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ရေးသားပြုစုထားသော နောင်မလဲအောင်သတိဆောင်ခေါင်းစဉ်ဖြင့် ပုံပြင်ပြောခြင်းအစီ အစဉ်ကို ရိုက်ကူး၍ ထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။   

ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် အချိန်ကာလတွင် စာကြည့်တိုက်သို့လာရောက်၍ စာပေဖတ်ရှုခြင်းမပြုနိုင်သည့် စာဖတ်ပရိသတ်များအတွက် စာပေဗဟုသုတများရရှိစေရန် ရည်ရွယ်ကာ ညောင်လေးပင်ရုံးရှိ ဝန်ထမ်းများက သုတ/ရသစာအုပ်များဖြင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင် ပြောပြခြင်း၊ ကဗျာရွတ်ဆိုပြခြင်း၊ ရောင်စုံစက္ကူဖြင့် အရုပ်ခေါက်ပြခြင်းအစီအစဉ်များကို ရိုက်ကူးလျက် ညောင်လေးပင်မြို့နယ်ရုံး ပြည်သူ့ စာကြည့်တိုက် Page မှတဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်တင်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြိုနယ်(ပြန်/ဆက်)