ကျောက်ထု ဩဂုတ် ၂၆
ဂန့်ဂေါခရိုင် ကျောက်ထုမြို့တွင် ယနေ့နံနက်က လမ်းဆုံနေရာများ၌ MASK တပ်ဆင်ခြင်း ရှိ၊ မရှိ စစ်ဆေးကြပြီး အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။
ထိုသို့ စစ်ဆေးရာတွင် ကျောက်ထုမြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီဝင်များ ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိ သူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည့်အပြင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်း ကြရန် အသိပေးနှိုးဆော်ကြသည်။
ထို့ပြင် အဆိုပါ ပူးပေါင်းအဖွဲ့သည် ဆေးဆိုင်(၃)ဆိုင်တွင် ကိုဗစ်-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံး ကုန်များ ကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ၊မရှိ ကိုလည်း စစ်ဆေးကြကြောင်း သိရသည်။
မောဟေမာန် (ပြန်ဆက်)