ပန်းတောင်း ဇန်နဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုလျော့ကျစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သုံးဘီးမော်တော်ယာဉ်ဖြင့် လှည့်လည်၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ
"အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ မြို့နယ် ဦးစီးမှူး၊ ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သော စည်းကမ်းချက်များအား လိုက်နာကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယ ရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှု ခံယူရန်နှင့် မိဘပြည်သူများအနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား မပျက်မကွက် ထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ် နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)