ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုများ ဆောင်ရွက်

ဝက်လက် - ဇန်နဝါရီ - ၂၁

စစ်ကိုင်းတိုင်ဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာနတွင် မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးမောင်းနိန် နှင့် တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၈ နာရီအချိန်က ရှာဖွေ ကယ်ဆယ်ရေး လေ့ကျင့်မှုများ ဆောင်ရွက်ကြကြောင်း သိရသည်။

မီးသတ်ဦးစီးဌာန အနေဖြင့် သဘာဝဘေး အန္တရာယ်များကြရောက်လာပါက ပြည်သူ များ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရာတွင် လျှင်မြန်စွာ ဆောင်ရွက နိုင်ရေး ၊ မတော်တဆယာဉ်တိုက်မှုများ ဖြစ်ပေါ်လာပါက ကူညီဆောင်ရွက်နိုင်ရေးအတွက် ပစ္စည်းကိရိယာများဖြင့် စဉ်ဆက်မပြတ် လေ့ကျင့်မှုများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုများကို ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် အပတ်စဉ်သောကြာနေ့တိုင်း  ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

မြို့နယ်ပြန်/ဆက်