ထားဝယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စီးပွားရေး လုပ်ငန်းများအား တွေ့ဆုံ

ထားဝယ် ဇန်နဝါရီ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊  ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စီးပွားရေးလုပ်ငန်းများအား တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာနံနက် ၁၀ နာရီတွင် ထားဝယ်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင် က   ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် ယနေ့ တွေ့ဆုံရခြင်းသည် နိုင်ငံတော်က ဖေဖော်ဝါရီ လ(၁)ရက်နေ့တွင် နှစ်ပတ်လည်ပြုလုပ်မှာ ဖြစ်သည့်အတွက် အကြမ်းဖက်အဖွဲ့အစည်းများနှင့် တရားမဝင် အဖွဲ့အစည်းများဖြစ်သော  CRPH၊ NUG များက နှစ်ပတ်လည်နေ့တွင် သပိတ်မျိုးစုံပြုလုပ်မှာဖြစ်သောကြောင့် အများပြည်သူများအနေဖြင့် လိုက်ပါ ဆောင်ရွက်ခြင်းမပြုနိုင်ရေး ခေါ်ယူတွေ့ဆုံရခြင်း ဖြစ်ကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ က ထုတ်ပြန်ထားသော သတင်း ထုတ်ပြန်ချက်အား ဖတ်ကြားပြီး ထုတ်ပြန်ချက် နှင့်ပတ်သက်၍ နိုင်ငံတော်က ထိထိရောက်ရောက် ဆောင်ရွက်မှာဖြစ်သောကြောင့် ပြည်သူများနှစ်နာမှုမရှိအောင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူများသိရှိအောင် ထပ်ဆင့်မျှဝေပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ က သိရှိလိုသည်များကို မေးမြန်းရာ ထားဝယ်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ နံနက် ၁၁ နာရီတွင် ထားဝယ်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင် က   စီးပွားရေး လုပ်ငန်းများအား ဆက်လက် တွေ့ဆုံခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသော  သတင်းထုတ်ပြန်ချက်အား အသိပေး ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်)