စေတုတ္တရာ ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့က ဌာနဆိုင်ရာများပူးပေါင်း၍ စေတုတ္တရာမြို့နယ်၊ ငါးမကျေးရွာ အတွင်း အသိပေးနှိုးဆော်ခဲ့ ကြသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်းပြီး ကျေးရွာပြည်သူများအနေဖြင့် ယခုဖြစ်ပေါ်နေသော ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်သည် နိုင်ငံများ၌ ကူးစက်မှုများလာခြင်း၊ မူလ ကိုဗစ်-၁၉ ရောဂါနှင့် မတူညီခြင်း၊ ယခင် ကိုဗစ်-၁၉ ဖြစ်ပွားသူများလည်း ထပ်မံဖြစ်ပွား နိုင်ခြင်း၊ ရောဂါကူးစက်မှုမြန်ဆန်ခြင်း တို့ကြောင့်ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးနှင့် ပက်သက်၍ ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြမှုမရှိစေရန်နှင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်အောင်(ပြန်/ဆက်)