သံတောင်ကြီးမြို့နယ် Community Centre တွင် Book Club ၊ Youth Club များက စာဖတ်ဝိုင်းပြုလုပ်

သံတောင်ကြီး ဇန်နဝါရီ ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိစေ ရှိစေရန် ရည်ရွယ်၍ Book Club ၊ Youth Club အဖွဲ့ဝင်များက စာရေးဆရာအောင်သင်း၏ ရည်မှန်းချက် ပြဿနာ အထွေထွေစာအုပ်အား ယနေ့နံနက် ၁၀ နာရီက သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နော်လော်မူက စာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများ ပြောကြားပြီး စောဟဲခူထူး (Youth Club) အဖွဲ့ဝင်က လုပ်ငန်းတစ်ခု၏ရည်ရွယ်ချက်၊ ရည်မှန်းချက် ဖြစ်စေသည့်နည်းလမ်း၊ အထောက်အပံ့အဿပြာရဲ့ အရေးပါပုံများကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး Book Club အဖွဲ့ဝင် နော်ဟဲလိုက ရည်မှန်းချက်အောင်မြင်စေသည့် နည်း လမ်းများ ၊ ပတ်ဝန်းကျင်နေရာဌာန၊ ဘဝတစ်ခုဝယ် ရည်မှန်းချက်ကွာခြားပုံများကို ဖတ်ကြားဆွေးနွေးပြီး မောင်မင်းခန့်(Youth Club)အဖွဲ့ဝင်က အချိန်ကာလတစ်ခုအတိုင်း ရည်ရွယ်ချက်များပြောင်း ရသလိုရည်မှန်းချက်ကိုလည်း ပြင်ဆင်ဆောင်ရွက်ပုံများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာ အောင်သင်း၏ ရည်မှန်းချက်ပြဿနာအထွေထွေစာအုပ်ပါ အကြောင်းအရာများအား အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)