ကော့သောင်း ဇန်နဝါရီ ၂၆
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ် ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများတွင် မူလတန်းအဆင့်နှင့်အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲအား ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊ စဉ်းစားတွေးတောဆင်ခြင်ကြံဆမှု နှင့်တီတွင်ဖန်တီးလိုစိတ်များ မြင့်မားလာစေပြီး ဖြတ်ထိုးဉာဏ်၊ စိတ်ကူး စိတ်သန်းများ ထက်မြက်လာစေရန်နှင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် လိုစိတ်များ ဖြစ်ပေါ်လာစေရန်၊ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည် ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)