သံတောင်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကိုဗစ်-၁၉ အိုမီခရွန် (Omicron) ရောဂါ ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

သံတောင်ကြီး  ဇန်နဝါရီ   ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကမ္ဘာ့တဝန်းလုံးတွင်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron)ရောဂါအကြောင်း ကြိုတင်ကာကွယ်နိုင်ရန် အတွက် အိုမီခရွန်ရောဂါအကြောင်း  ဆိုင်ရာအသိပညာပေး (Talk   Show) ကို ယမန်နေ့ နံနက်(၁၀)နာရီက သံတောင်ကြီးမြို့ လူထုအခြေပြု ဗဟိုဌာန (Community   Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး နော်လော်မူက အိုမီခရွန်ရောဂါဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်အကြောင်း၊ စတင်ကူးစက်လာပုံ ရောဂါကူးစက် လာပုံများကို ရှင်းလင်းပြောကြားပြီး နော်ဝုတ်စတီး ရုပ်သံ-၃ က မြန်မာနိုင်ငံ တွင် အိုမီခရွန်ရောဂါပိုး တွေ့ရှိမှုအခြေအနေ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ လိုက်နာရန်၊ နိုင်ငံတော်မှ အခမဲ့ ထိုးနှံ့ပေးသည့် ကာကွယ်ဆေးများ မပျက်မကွက် ထိုးနှံကြရန်၊ အိုမီခရွန်ရောဂါ၏ လက္ခဏာများစသည်တိုကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)