ဘောဂလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ဘောဂလိ  ဇန်နဝါရီ  ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အသိအမြင်များအား  မျှဝေတတ်စေရန်၊ စာပေမှရရှိသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်လာစေရန် ရည်ရွယ်၍ စာရေးဆရာ ဖေမြင့် ရေးသားထားသည့် “အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း စာအုပ်ဖြင့် ယနေ့နံနက် ၉နာရီက လူထုအခြေ ပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်က  စာဖတ်ဝိုင်း ကျင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး  Book Club အဖွဲ့ဝင် ဦး‌ဇော်ထွေးက  စာရေးဆရာ ဖေမြင့် ရေးသားသော အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း စာအုပ်၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော Book Club အဖွဲ့ဝင် တစ်ဦးစီက ဦးဆောင်၍ စာအုပ်တွင်ပါရှိသော တစ်ဘဝတာအတွက် လက်ရာတစ်ခုသာ ဖန်တီတည်ဆောက်ခွင့်ရှိသည်၊ အခွင့်အရေးဆိုသည်မှာ၊ ကျားကုတ်ကျားခဲ စိတ်ဓါတ်၊ ပြတ်ပြတ် သားသား ဆုံးဖြတ်လုပ်ကိုင်တတ်ခြင်း အကောင်းဆုံးထက် ပိုကောင်းအောင် စသည့် ခေါင်းစဉ်များ အလိုက် ရေးသားထားသည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စောဂျိုးဇက်ဂျူး (ပြန်/ဆက်)