အင်္ဂပူ ဇန်နဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ထူးကြီးမြို့တွင်အင်္ဂပူမြို့စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများနှင့်ထူးကြီးမြို့စျေးကော်မတီအဖွဲ့ဝင်များပူးပေါင်းပြီးထူးကြီးမြို့စျေးအတွင်းရှိစျေးဆိုင်များနှင့်ပြည်သူများအားအမှိုက်စည်းကမ်းတကျစွန့်ပစ်နိုင်ရေးအတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကိုယနေ့နံနက်၁၀နာရီအချိန်ကထူးကြီးစျေးအတွင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
ထူးကြီးမြို့အတွင်းGreen City Clean City Dmart City ဖြစ်ပေါ်လာစေရန်ဖြန့်ေဝခဲ့ကြောင်းသိရသည်။အဆိုပါလက်ကမ်းစာစောင်၌မြို့သန့်ရှင်းသာယာလှပရေးအတွက်စနစ်တကျအမှိုက်သိမ်းဆည်းမှုအားဝိုင်းဝန်းကူညီဆောင်ရွက်ကြပါစို့ ခေါင်းစဥ်ဖြင့် အမှိုက်အမျိုးအစား (၆)မျိုး၊ သင်သည်စမတ်ကျသောသူဖြစ်သောကြောင့်ကွမ်းတံတွေးအိတ်ကိုအသုံးပြုကာလုံခြုံစွာစည်းနှောင်ပြီးအမှိုက်ပုံထဲသို့စွန့်ပစ်ပါ စသောကာတွန်းများပါဝင်ပြီး စောင်ရေ (၂၅၀) အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။
မြို့နယ်