တောင်တွင်းကြီး ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ရပ်ကွက်/ကျေးရွာများ အတွင်းရှိ လမ်းများ၊ မကွေးတောင်တွင်းကြီး ကားလမ်းမကြီး ဘေးဝဲ/ယာ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာရေး အဖွဲ့မှ အမှိုက်များ၊ သစ်ပင်ချုံနွယ်ပိတ်ပေါင်းများကို သန့်ရှင်းရေး ဝန်ထမ်းများမှ ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့၊ မြို့အဝင်ဆိုင်းဘုတ်အနီးနှင့် ကားလမ်းမဘေးဝဲ/ယာရှိ အမှိုက်သရိုက်များ သန့်ရှင်းရေး ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေး ဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကွင်းဆင်း ကြည့်ရှုကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)