တောင်တွင်းကြီး ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်တွင် ဆောင်းသီးနှံဖြစ်သည့် မတ်ပဲစိုက်ဧက ငါးသောင်း နှစ်ထောင်ကျော် စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျေးလက်နေတောင်သူများ ဆောင်းသီးနှံ မတ်ပဲကို မိုးသီးနှံများ သိမ်းဆည်းပြီးချိန် စီးပွားဖြစ် စိုက်ပျိုးလာလျက်ရှိသည်။
ထိုသို့ စိုက်ပျိုးလျက်ရှိရာမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဆောင်းသီးနှံဖြစ်သည့် ဆောင်းမတ်ပဲကို အောက်တိုဘာလ ပထမအပတ်မှစတင်၍ စိုက်ပျိုးလျက်ရှိရာ တောင်တွင်းကြီး မြို့နယ်တွင် ဆောင်းမတ်ပဲစိုက်ဧက (၅၀၅၅)ဧက စိုက်ပျိုးရန် လျာခဲ့သော်လည်း ဆောင်းမတ်ပဲစိုက်ဧက (၅၂၄၄)ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)