ရွှေကျင်မြို့နယ်၊ အ-ထ-က(ဇောတိ) ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား သတင်းအမှား/သတင်းအမှန် ခွဲခြားနိုင်ရေးအသိပညာပေးဟောပြော

ရွှေကျင် ဇန်နဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အခြေခံပညာအထက်တန်း၊ အ-ထ-က(ဇောတိ)ကျောင်း၊ မြတ်ပညာမွန်ခန်းမတွင် ကျောင်းသား/ကျောင်းသူများအား သတင်းအမှား/သတင်းအမှန် ခွဲခြားနိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်၁၂ နာရီအချိန်က ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် အ-ထ-က(ဇောတိ)ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်မွန်မှ အဖွင့်အမှာစကားပြောကြားပေးပြီး ‌ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးတင်မိုးညွန့်က ဆိုရှယ်မီဒီယာများ သုံးစွဲမှုအကြောင်း၊ ဦးထွန်းထွန်းဇော် (ဓာတ်ပုံ-၂)က ဆိုရှယ်မီဒီယာတွင် ဖော်ပြနေသော သတင်းများ၏ ဆိုးကျိုး/ကောင်းကျိုးများ၊ ဆိုရှယ်မီဒီယာအပေါ်မှ သတင်းများအား သတင်းအမှား/သတင်းအမှန်များအား ခွဲခြားမှုအကြောင်းများကို  အသိပညာပေးဟောပြောခဲ့ပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးမြင့်သောင်းက သတင်းအမှား/သတင်းအမှန်များအကြောင်း  အသိပညာပေး ဟောပြောပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)