ညောင်လေးပင် ဇန်နဝါရီ ၂၆
ပြည်သူများ စာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏ တန်ဖိုးကို နားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေလယ် ၁ နာရီက စာအုပ်စာပေဝါသနာရှင်များနှင့် ပူးပေါင်း၍
စာရေးဆရာ ကလောင်စုံရေးသားသော လူငယ်နှင့် ဘဝရည်မှန်းချက်ပန်းတိုင် စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နီနီဝင်းက စာဖတ်ဝိုင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများအား စာပေကို မြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် စာဖတ်ဝိုင်း များကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး စာပေဝါသနာပါသူ ဦးခင်ဝင်းက သရဝဏ်ပြည်ရေးသားသော လူငယ်နှင့် ဘဝရည်မှန်းချက် ပန်းတိုင်၊ ဒေါ်မိုးစန္ဒာဝင်း စာထောက်-၃မှ လူငယ်နှင့် မူးယစ်ဆေးဝါး၊ ဦးအောင်ဇော်မြင့် ရုပ်သံ-၃ မှ လူငယ်နှင့် စာပေစသည့် စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိရှိလို သည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)