စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီ (၁/၂၀၂၂)ကြိမ်မြာက် အစည်းအဝေးတက်ရောက်

မုံရွာ ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ဇန်နဝါရီလ(၂၅)ရက်၊ မွန်းလွဲ(၁)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာအစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြည်တွင်းခရီးသွားများ စိတ်ဝင်စားတဲ့၊ ထင်ရှားတန်ခိုးကြီးတဲ့ ဘုရားပုထိုးစေတီများ ရှိတဲ့အပြင် ပြည်တွင်း/ပြည်ပခရီးသွားများ စိတ်ဝင်စားတဲ့ တောတောင်သဘာဝနဲ့ တိုင်းရင်းသားရိုးရာဓလေ့ များကို လေ့လာနိုင်တဲ့ခရီးစဉ်နေရာတွေလည်း ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းကရတဲ့ ဝင်ငွေစီး ဆင်းမှုဟာ ဟိုတယ်/တည်းခိုရိပ်သာများအပြင် စားသောက်ဆိုင်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ဒေသထွက်အမှတ်တရ ပစ္စည်းအရောင်းဆိုင်လုပ်ငန်း၊ ဒေသဧည့်လမ်းညွှန်နဲ့ အခြား ဝန်ဆောင်မှုလုပ်ငန်းတွေကို ဝင်ငွေစီးဆင်းသွားတာကို မြင်တွေ့ရမှာဖြစ်ပါကြောင်း၊ ဒါ့အပြင်ခရီး သွားလုပ်ငန်းဟာ မြို့ပြဒေသသာမက၊ ကျေးလက်ဒေသတွေမှာပါ ကျွမ်းကျင်တဲ့ အလုပ်သမား အတွက်ရော၊ ကျွမ်းကျင်မှုနည်းတဲ့ အလုပ်သမားအတွက်ပါ အလုပ်အကိုင်ဖန်တီးပေးနေတာမို့ တိုင်းဒေသကြီးကလည်း ဧရိယာကျယ်ဝန်းတာဖြစ်လို့ ခရီးသွားလုပ်ငန်းကို တိုးတက်ဖို့ကို တတ်နိုင်သမျှ အချိုးညီညီဒေသအလိုက် တာဝန်ရှိသူများ၊ ဒေသခံများနဲ့ ပူးပေါင်းဆောင်ရွက်ကြ ရမှာ ဖြစ်ပါကြောင်း ” ပြာကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသ ကြီးဦးစီးမှူး ဦးအောင်သူဦးမှ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၁)ကြိမ်မြောက် အစည်းအဝေး တွင် ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ ဖြည့်စွက်လမ်းညွှန်မှာကြားချက်များ၊ တိုင်းဒေသကြီးအတွင်း ဟိုတယ်/တည်းခို ရိပ်သာ လုပ်ငန်းလိုင်စင်ပေးထားမှုအခြေအနေ၊ ဒီဇင်ဘာလအတွင်း တိုင်းဒေသကြီးရှိ ဟိုတယ်/ တည်းခိုရိပ်သာ၊ စည်ပင်သာယာတည်းခိုခန်းများတွင် ခရီးသွားဝင်ရောက် တည်းခိုမှုအခြေအနေ များနှင့် ဇန်နဝါရီလအတွင်း ခရီးသွားဝင်ရောက် တည်းခိုမှုအခြေအနေ၊ ဒီဇင်ဘာလအတွင်း တိုင်းဒေသကြီးအတွင်း ထင်ရှားသည့် ခရီးစဉ်များကို ခရီးသွားများလာရောက် လည်ပတ်မှု အခြေအနေနှင့် ဟိုတယ်လုပ်ငန်းလိုင်စင် သက်တမ်းတိုးတင်ပြခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြ သည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေး တင်ပြကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။  

တိုင်းဒေသကြီး၊ ပြန်/ဆက်။