အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များ (ပထမအကြိမ်) လေလံတင်ရောင်းချ

အုတ်ဖို ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေး နှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ (ပထမအကြိမ်) လေလံတင်ရောင်းချခြင်းကို ယနေ့ နံနက် ၁၁ နာရီချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အစည်းဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဖြိုးဝေအောင်က လေလံစည်းကမ်းချက်များကို ဖတ်ကြာရှင်းလင်း သည်။

ထို့နောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် (ပထမအကြိမ်) အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် ပတ်သက်၍ မြို့နယ်ဝင်ကြေး ဘီးကောက်လိုင်စင်များမှအပ သားသတ်အခွင့် အရေးလိုင်စင်များအား အညီအမျှခွဲဝေချထား ပေးခြင်းစနစ်ဖြင့်လည်းကောင်း၊ အပေါင်ဆိုင်လိုင်စင်များအား သက်တမ်းတိုးစနစ်ဖြင့်လည်း ကောင်း၊ ကျန်အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့်လည်းကောင်း လေလံတင် ရောင်းချခဲ့ရာ လိုင်စင်စည်းကမ်း ညွှန်ကြားချက်များနှင့် ညီညွတ်သော ဒေသခံပြည်သူများက ဈေးပြိုင်စနစ်ဖြင့် ဝယ်ယူခဲ့ကြောင်းနှင့် ဒုတိယအကြိမ် လေလံတင်ရောင်းချခြင်းကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)