ကျုံပျော်မြို့  မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် 

ကျုံပျော်၊ ဇန်နဝါရီ ၂၅ 

ပြည်သူများမီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရေး၊ ဈေးအတွင်းရှိ ကုန်စည်များမီးဘေး အန္တရာယ် ကျ‌ရောက်မှုမရှိစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို  ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် မြို့မဈေးအတွင်း၌ ဇန်နဝါရီ ၂၅ ရက် ညနေ ၂နာရီခွဲအ ချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊စည်ပင် သာ ယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးခင်မောင်သန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦး‌အောင် စိန်ဘွင့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  မြို့မဈေးမီး‌ဘေးလုံခြုံရေး အဖွဲ့နှင့်တာဝန်ရှိသူ များ ဈေးသူဈေးသားများ တက်ရောက်ကြသည်။ 

ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်မြို့မဈေး မီးဘေးလုံခြုံရေးအဖွဲ့များ ပူးပေါင်းကာအဝတ် ပုဆိုးအသုံးပြု၍   အောက်ဆီဂျင်ဖြတ် မီးငြှိမ်းသတ်နည်း၊  မီးသတ်ဆေးဘူး ဖြင့် မီးငြှိမ်း သတ်နည်း၊ မီးချိတ်၊မီးကတ်၊ရေတို့ဖြင့်ပက်ဖျန်း မီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြသကာ  ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။

ကျုံပျော်မြို့ မြို့မဈေးအတွင်း၌ မီးဘေးအန္တရာယ် လုံခြုံရေးအတွက် အသင့်သုံး မီးသတ်ရေငုတ်များ၊ မီးချိတ်၊မီးကတ်များ၊ သဲပုံး၊ ရေပုံးများ၊ ရေစုပ်စက်နှင့် မီးသတ်ရေပိုက်များအပြင်မီးသတ်ဆေးဘူးများ ကိုလည်း အဆင်သင့်အသုံးပြုနိုင်ရန် ဈေးရုံများအတွင်းချိတ်ဆွဲထားရှိပေးထားကြောင်း သိရသည်။

 

လပြည့်ဦး