နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

နတ်မောက်   ဇန်နဝါရီ    ၂၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသည့် ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေး ဦးစီးဌာနတွင်  မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုနှံပေးရာတွင် ကာကွယ်ဆေး လာရောက် ထိုးနှံသူများအား ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဇန်နဝါရီလ (၂၄) ရက်နေတွင် ပဉ္စမသုတ်(ဒုတိယအကြိမ်) ကာကွယ်ဆေး ထိုးနှံသူ(၂၇၆)ဦး၊ ဒုတိယအသုတ် (ပထမအကြိမ်) ထိုးနှံသူ(၅၅)ဦး စုစုပေါင်း (၃၃၁)ဦး လာရောက် ထိုးနှံခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများပူပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သင်းသင်းမြတ်