အင်္ဂပူ ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ မြို့နယ်မဲဇလီကုန်းမြို့ပေါ်ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်မှုလျော့နည်းစေရန်၊အများပြည်သူများ နေ့စဥ်မီးသုံးစွဲချိန်အားသတိရှိစေရန်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဇန်နဝါရီလ(၂၄)ရက်နေ့ည (၇)နာရီ အချိန်က မီးသတ်ကားဖြင့် မြို့ပေါ်ရပ်ကွက်(၃)ခုရှိလမ်းဆုံလမ်းခွနေရာများ၊လမ်းများတွင်လိုက်လံအသိ ပေးနှိုးဆော်မှုများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါအသိပေးနှိုးဆော်ရာတွင်မဲဇလီကုန်းမြို့အုပ်ချုပ်ရေးမှူးဦးဇော်မင်းထိုက်၊နယ်မြေမီးသတ်စခန်းတာဝန်ခံလက်ထောက်မီးသတ်ဦးစီးမှူးဦးအေးမင်းနိုင်အပါတပ်ဖွဲ့ဝင်(၃)ဦး၊ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်၍မီးသတိပေးကြေငြာချက်(၁/၂၀၂၂)အားပွင့်လင်းခြောက်သွေ့သောရာသီရောက်လာသဖြင့်ပြည်သူများမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိရန်၊မီးသုံးစွဲချိန်အားနေ့စဥ်နံနက်၅နာရီမှ၁၁နာရီအထိလည်းကောင်းညနေ၄နာရီမှည၉နာရီအထိသာသုံးစွဲကြရန်နှင့်လေပြင်းများတိုက်ခတ်လာတဲ့အလာတဲ့အခါအသုံးပြုနေသောမီးကိုချက်ချင်းငြိမ်းသတ်ရန်နှင့်အိမ်တိုင်းအိမ်တိုင်းမီးဘေးဆောင်ရွက်ထားရှိကြရန် ကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ ရေ၊ သဲ၊မီးသတ်ဆေးဘူးများဆောင်ရွက်ထားကြရန်၊မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက်လုပ်ဆောင်ရမည့်အချက်များနှင့်မီးလောင်မီးလန့်မှု့ ဖြစ်ပွားပါကကြိတ်၍မီးငြိမ်းသတ်ခြင်းမပြုလုပ်ရန်၊ အနီးဆုံးမြို့နယ်မီးသတ်စခန်းသို့ ဆက်သွယ်အကြောင်းကြားရန်စသည့်အချက်များကို ပြည်သူများသိရှိစေရန်အသိပေးနှိုးဆော်ခဲ့ကြောင်းသိရှိရသည်။
မြို့နယ်