ထားဝယ်မြို့ရှိကုန်စုံဆိုင်များအားကွင်းဆင်း၍ကြည့်ရှုစစ်ဆေး

ထားဝယ်   ဇန်နဝါရီ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီ အဖွဲ့ဝင်များပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်း၍ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရာ၌ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာ​ဆောင်ရွက်ရမည့် အချက်များအား အသိပညာပေး ဆွေးနွေးပြောကြားပြီး အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သက်တမ်းလွန် ​ရှိ/မ​​​​ရှိ ကြည့်ရှု၍ စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုနောက် ကော်မတီအဖွဲ့ဝင်များက စျေးသည်များနှင့် ဈေးဝယ်သူများအား ကျန်းမာရေးထိခိုက်စေသည့် ဆိုးဆေးနှင့် တာရှည်ခံဓာတုဆေးများ၊ အန္တရာယ်ကင်းသောအစားအစာရရှိရေးအတွက်  အဓိကဆောင်ရွက်ရမည့်အချက် ၅ချက်ပါဝင် သည့်လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

 ထားဝယ်ခရိုင်(ပြန်/ဆက်)