လက်ပံတန်းမြို့ နယ်တွင် SUPTINK LIGHT ကိုဗစ်ကာကွယ်ဆေး  စတင်ထိုးနှံပေး

လက်ပံတန်း    ဇန်နဝါရီ   ၂၅

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ဒေသခံပြည်သူများအား ယနေ့ နံနက် ၉ နာရီက စတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာထင်ဇော်၊ သူနာပြုဆရာမများနှင့် တာဝန်ရှိသူတို့က မြို့နယ်ပြည်သူ့ ဆေးရုံ၌ SUPTINK LIGHT ရုရှား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့ နယ်တွင် SUPTINK LIGHT ရုရှား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပြည်သူဆေးရုံအစည်းဝေးခန်းမနှင့် သံဃာတော်များ ကုသဆောင်တွင် ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် အသက် (၁၈) နှစ်မှ (၆၀) အထိ ကာကွယ်ဆေး လုံးဝ (လုံးဝ) ထိုးနှံခြင်းမရှိသေးသည့် သူများအား ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးသည် တစ်ကြိမ်သာ ထိုးနှံရမည်ဖြစ်ကြောင်း သိရသည်။ လက်ပံတန်းမြို့နယ်တွင် SUPTINK LIGHT ရုရှားကာကွယ်ဆေး (8000) does ရရှိပြီး တစ်လုံးလျှင် လူ (၅) ဦး ထိုးနှံနိုင်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်ဦးတင်စိုးရှိန်နှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုနှင့် ဌာနဆိုင်ရာ ကာကွယ်ဆေးထိုး ကြီးကြပ်အဖွဲ့၀င်များနှင့် တာဝန်ရှိသူများတို့က လိုအပ်သည်တို့ကို ကူညီဆောင်ရွက် ပေးခဲ့ကြသည်။

မြို့နယ် (ပြန်/ဆက်)