ကသာမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကသာ ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကသာခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးတွင် ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့်အမှာစကား ပြောကြားရာ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အနေဖြင့် အားကစားပြိုင်ပွဲများ၊ ကဗျာ၊ ပန်းချီး၊ ကာတွန်းနှင့် စာစီစာကုံးပြိုင်ပွဲများ စနစ်တကျ ကျင်းပနိုင်ရေး၊ ဌာနအလိုက်ပြိုင်ပွဲများ ဆောင်ရွက်နိုင်ရေး၊ ကြိုတင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ယင်းအခမ်းအနားတွင် မြို့နယ်အတွင်းရှိ တိုင်းရင်းသား လူမျိုးများ အား ဖိတ်ကြားနိုင်ရေးစသည့် အကြောင်းအရာများကို ပြောကြားခဲ့သည်။

ထို့နောက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက လုပ်ငန်းကော်မတီ အလိုက် ဆောင်ရွက်မည့် လုပ်ငန်းများအကြောင်းကို အသီးသီး ရှင်းလင်းပြောကြားရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက အခမ်းအနားနှင့် အားကစား ပြိုင်ပွဲများကို ကျင်းပရာတွင် စည်းကမ်းပြည့်ဝပြီး အစဉ်အလာ ကောင်းများ ကျန်ရှိစေရေး အတွက် ကြီးကြပ်ဆောင်ရွက်သွားရန် အထူးမှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)