ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်များအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက် 

ပုသိမ်  ဇန္နဝါရီ  ၂၅ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့  မီးသတ်ဦးစီးဌာနတွင်  ယနေ့နံနက်     နာရီအချိန်တွင် ပြုလုပ်သည့်ငလျှင်ဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်များအတွက်ဇာတ်တိုက်လေ့ကျင့်မှုများကိုပြုလုပ်ခဲ့ကြသည်။

 

ဇာတ်တိုက်လေ့ကျင့်မှုများကို တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံးရှေ့ရှိ  RESCUE Training Tower ၌ ပုသိမ်ခရိုင် မီးသတ်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူရမှ ဦးဆောင်ကာ ပုသိမ်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်  အင်အား ၃၀ ဦးတို့က ငလျင်ဘေးဒါဏ်ကြုံတွေ့ရပါက  အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကိုလုပ်ဆောင်ရန် အတွက်ကယ်ဆယ်ရေးသုံးပစ္စည်းများဖြင့် လေ့ကျင့်မှု များဆောင်ရွက်ခဲ့ကြသည်။

 

မြန်မာနိုင်ငံတွင်ငလျင်ဘေးအန္တရာယ်သည်တစ်နှစ်ထက်တစ်နှစ်ပို၍လှုပ်ခတ်မှုများဖြစ်ပေါ်နေရာမီးသတ်ဦးစီးဌာနအနေဖြင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီလုပ် ဆောင်နိုင်ရေးအတွက်ဝန်ထမ်းများမှလေ့ကျင့်ဆောင်ရွက်မှုများကိုပြုလုပ်ဆောင်ရွက်လျှက်ပြည်သူလူထု၏ အားကိုးယုံကြည်မှုရှိစေရေးအတွက် မီးသတ်ဦးစီးဌာနရုံးများအနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်နေရသည့်ဒေသများတွင်ဇာတ်တိုက်လေ့ကျင့်မှုများကိုစဉ်ဆက်မပြတ်လုပ်ဆောင်သွား ကြရမှာဖြစ်ကြောင်းပုသိမ်ခရိုင်မီးသတ်ဦးစီးမှူးထံမှသိရသည်။