အုတ်ဖိုမြို့ ရွာမ(၂)လမ်း တံတားချဉ်းကပ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့်ပြီးစီး

အုတ်ဖို    ဇန်နဝါရီ    ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (Mini Budget) ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရွာမရပ်ကွက်၊ ရွာမ(၂)လမ်း တံတားချဉ်းကပ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

တံတားချဉ်းကပ်လမ်းအား အရှည် (၂၀) ပေ၊ အကျယ် (၁၀) ပေ၊ ထု (၈) လက်မဖြင့် ကွန်ကရစ်ခင်းခြင်းဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်သဖြင့် အဆိုပါလမ်းအား အဓိကထား အသုံးပြုလျက်ရှိသည့် မိုးညိုတန်းရပ်ကွက်၊ ရွာမရပ်ကွက်နှင့် ဈေးသွားဈေးလာပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ကျောင်းသားကျောင်းသူများ၏ ပညာရေးတို့တွင် ပိုမိုအဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးဖြိုးဝေအောင်ထံမှ သိရသည်။

အောင်သူ (အုတ်ဖို)