လောင်းလုံးမြို့နယ်တွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ သူများအား Phase - 5 Second Dose ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

လောင်းလုံး ဇန်နဝါရီ  ၂၅

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ အသက် (၁၂) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသော ကျောင်းသား/ကျောင်းသူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန်ကျန်ရှိသူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက လောင်းလုံးမြို့နယ်၊ အ- ထ က ကမြောကင်းကျောင်း ၌ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင်အသက် (၁၂) နှစ်နှင့်အထက် ကာကွယ်ဆေးမထိုးနှံရသေးသော ကျောင်းသား/သူများ၊ (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော ကျောင်းသား/သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို လောင်းလုံးမြို့နယ် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ ဆရာ/ဆရာမများ ၊ လူမှုရေးအသင်းအဖွဲ့များ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)