ငပု​တောမြို့နယ်၌ တရားရုံး အ​ဆောက်အဦသစ်​ ဆောက်လုပ်ရန် ပန္နက်​တော်တင်မင်္ဂလာ အခမ်းအနားကျင်းပ 

ငပု​တော            ဇန်နဝါရီ   ၂၅ 

ဧရာဝတီတိုင်း​ဒေသကြီး   ပုသိမ်ခရိုင်  ငပု​တောမြို့နယ်၌ တရားရုံးအ​ဆောက်အဦးသစ်​ဆောက်လုပ် ရန်  ​မြေ​နေရာပန္နက်​တော်တင် မင်္ဂလာအခမ်းအနားကို ယ​နေ့နံနက်  ၉ နာရီ ၃၀ မိနစ်အချိန်က ငပု​တောမြို့ ​တောင်ပိုင်းရပ်ကွက် မဂ္ဂင်လမ်းရှိ ယခင်တရားရုံး​မြေ​နေရာတွင် ပန္နက်​တော်တင်မင်္ဂလာ အခမ်းအနား  ကျင်းပ​ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင်  ​ရှေးဦးစွာ  ဧရာဝတီတိုင်း​ဒေသကြီးတရားလွှတ်​တော် တရားသူကြီး ချုပ်ဦးဝင်းမြင့်မှ မင်္ဂလာပန္နက်​တော်တင်ရန် အ​​မွှေးနံ့သာဖြင့် ပက်ဖြန်း​ပေးပြီး​နောက် အဆောက်အ ဦး သစ်ဆောက်လုပ်မည့် ​မြေ​နေရာအား လှည့်လည်ကြည့်ရှုခဲ့ပြီး ပန္နက်​တော်တင်​ မင်္ဂလာအခမ်း အ နားကို ဆောင်ရွက်​ပေးခဲ့ရာ   အခမ်းအနားသို့ ဧရာဝတီတိုင်း​ဒေသကြီးတရားလွှတ်​တော်တရား သူ ကြီး ဦးဝင်းမြိုင်  ဧရာဝတီတိုင်း​ဒေသကြီးတရားလွှတ်​တော် တိုင်း​ဒေသကြီးတရား​ရေးဦးစီးမှူး ​ဒေါ်​ထွေး​ထွေး ပုသိမ်ခရိုင်တရားရုံးမှ ဒုတိယခရိုင် တရားသူကြီး ဦးသောင်းထွန်း ငပု​တောမြို့နယ်စီမံ အုပ်ချုပ်​ရေး အဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်​ရေးမှူး  ဦး​ကျော်သူနှင့် မြို့နယ်တရားသူကြီး ဦးကျော်ကို ကို  နိုင် တို့ တက်​ရောက်ခဲ့​ကြောင်း သိရသည်။

အဆိုပါ တရားရုံး အ​ဆောက်အဦသစ်မှာ  အလျား   ၁၂၈ ​ပေ ၊ အနံ ၃၈  ​ပေ  သုံးထပ်(  RCC ) အ​ဆောက်အဦးသစ်နှင့်  ဆက်စပ်အ​ဆောက်အဦးသစ်များ​ဆောက်လုပ်ရန်အတွက်   ၂၀၂၁ - ၂၀၂၂  ဘဏ္ဍာနှစ်  ပြည်​​ထောင်စုဘတ်ဂျက် ရန်ပုံ​ငွေ စီမံကိန်းတန်ဖိုး ( ၁၅၆၉. ၆၇၅ )သန်း ဖြင့် ဧရာဝတီသား​ဟေကုမ္ပဏ္ဏီမှ တာဝန်ယူ ​ဆောက်လုပ်မည်ဖြစ်ကြောင်း   မြို့နယ်တရားရုံးမှ  တာဝန်ရှိ သူထံမှ သိရသည်။